Pages

Pages

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် Myanmar Fitness Dance သင်တန်း (အခမဲ့)ဖွင့်လှစ်



MNP   -   မတ်   ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များကျန်းမာကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးကာ ဉာဏ်ရည်ထက်မြတ်သည့် ကျောင်းသား/ ကျောင်းသူများ ဖြစ်စေရန်နှင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မတ်(၂)ရက်နံနက်(၉)နာရီက Myanmar Fiteness Dance သင်တန်း (အခမဲ့) ဖွင့်လှစ်လျက်ရှိကြောင်းသိရှသည်။


Myanmar Fiteness Dance အားကစား ပြုလုပ်ခြင်းဖြင့် အရိုးနှင့်ကြွက်သားများသန်မာစေခြင်း၊ ကာယပို်ငး၊ဉာဏပို်ငး၊ စိတ်ပိုင်းဆိုင်ရာများ တိုးတက်လာခြင်း၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် ရောဂါများ ဖြစ်စေနိုင်သည့် အခွင့်အလမ်းများလျော့နည်းစေခြင်း၊ ကိုယ်အလေးချိန်ထိန်းချုပ်နိုင်သည့် နည်းလမ်းကောင်း တစ်ခုဖြစ်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း၊ အမောခံနိုင်ခြင်း၊ သက်လုံကောင်းခြင်း၊ ဦးနှောက်ကြည်လင်ခြင်း၊ ဉာဏ်ရည်ထက်မြတ်ခြင်း  စသည့် အကျိုးကျေးဇူးများ ရရှိကြောင်း သိရှိရသည်။


သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်သား/ကျောင်းသူ (၃၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှ မတ်(၂)ရက်နေ့မှ(၈)ရက်နေ့အထိ(၇)ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီအား လပ်ရပ်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်အတွက် Myanmar Fiteness Dance သင်တန်း၊ ပန်းချီရေးဆွဲနည်းသင်တန်းများအပြင် စာပေရေးသားနည်းသင်တန်း၊ အေရိုးဗစ်သင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment