Pages

Pages

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ One Township One Product နှင့် ကဏ္ဍပေါင်းစုံ ဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ





MNP ၊ မတ် ၃၀

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ One Township One Product နှင့် ကဏ္ဍပေါင်းစုံ ဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၂နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်မှ မတ်လ ၂၄ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များဖြစ်သည့် ရှေ့ ၆ လတာ ကာလအတွင်း ဆောင်ရွက်သွားရမည့် စီမံခန့်ခွဲရေးနှင့် စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်ကုန်ဖွံဖြိုးတိုးတက်ရေး၊ ရေနှင့် လျှပ်စစ်စွမ်းအား လုံလောက်စွာရရှိရေး၊ အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ One Township One Product နှင့် ကဏ္ဍပေါင်းစုံ ဖွံဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများအား သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရေး အကျယ်တဝင့် ထပ်ဆင့် ချပြရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် လိုအပ်ချက်များအား တိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား  ဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်မှ ပြန်လည်ရှင်းလင်းဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ​လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ ဥပဒေချုပ် ဦးမြင့်​အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြင့်လွင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ  တက်ရောက်ခဲ့ကြောင်း သိရသည်။


ထိပ်ထားနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment