MNP ၊ မတ်လ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျောက်ပုံကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းတစ်ခုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
ကသာမြို့နယ်၊ ကျောက်ပုံကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ နေထိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ၎င်းကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ နေထိုင်သည့် လူနေတဲ ၃ လုံး၊ ထမင်းစားဆောင် ၁ လုံး၊ ၁ ယောက်ပစ်ကျင်း ၃ ကျင်း၊ ၄ ယောက်ပစ်ကျင်း ၂ ကျင်း၊ ထမင်းစား စားပွဲ ၂ လုံး၊ ပြောက်ကျား ယူနီဖောင်း ၂ စုံတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment