ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


MNP ၊ မတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းကျေးရွာအနီးတွင် ယမန်နေ့ ၁၂နာရီ ခွဲခန့်က PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းကျေးရွာအနီးတွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် ၎င်းကျေးရွာအနီးတဝိုက်တွင် အသေးစိတ်ရှင်းလင်းခဲ့ရာ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသော PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်ရှော့တိုက်မိုင်း ၁၀ မိုင်း၊ တဲ ၂ လုံး၊ ထမင်းချက်ဆောင် ၁ လုံး၊ နိုင်လွန်ကြိုး ၁ ခွေ၊ ဝရိန်ပုံး ၁ ပုံး၊ သံဖြတ်စက် ၂ လုံး၊ သံဖောက်စက် ၃ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)