Pages

Pages

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ပြည်သူ့စစ်စခန်းအား PDF အကြမ်းဖက်များမှာ လာရောက်တိုက်ခိုက်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် နှိမ်နင်း



MNP ၊ မတ် ၂၁ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ပြည်သူ့စစ်စခန်းအား ယမန်နေ့ နံနက်ပိုင်းက PDF အကြမ်းဖက်များမှာ လာရောက်တိုက်ခိုက်ရာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် နှိမ်နင်းခဲ့ရကြောင်း သိရသည်။

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် မိမိတိုဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များ အခြေပြုနေသော ပြည်သူ့စစ် စခန်းအား PDF အကြမ်းဖက်အဖွဲများမှ အလစ်အငိုက် လာရောက် ပစ်ခတ်တိုက်ခိုက်ရာ ပြည်သူ့စစ်အဖွဲ့ဝင်များသည် စစ်ရေးသတိ စစ်ရေးအသိဖြင့် အချိန်နှင့် တပြေးညီ တန်ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့၏ အလောင်းများနှင့် လက်နက်ခဲယမ်းများ ထားခဲ့၍ ဆုတ်ခွါထွတ်ပြေးသွားကြောင်း သိရသည်။


အဆိုပါ ထိတွေ့မှုဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမား ၃ဦးကို အသေဖမ်းဆီးရမိပြီး တရုတ်စက်လတ် ၁ လက်၊  M-22 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ အီနာဂါ ၃ လုံး၊ ကျည်မျိုးစုံ ၇၅ တောင့် တို့အား သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင်များမှာ ထိခိုက် သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment