Pages

Pages

မြောင်မြို့နယ်၊ ပေါက်ချောင်းကျေးရွာအတွင်း PDF အမည်ခံ အကြမ်းဖက်သမား အခြေပြုနေသော စခန်းအား လုံခြုံရေး အဖွဲဝင်များမှ ရှင်းလင်းဖယ်ရှား



MNP ၊ မတ်လ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ပေါက်ချောင်းကျေးရွာ အတွင်း PDF အမည်ခံ အကြမ်းဖက်သမား အခြေပြုနေသော စခန်းအား ၅-၃-၂၀၂၃ ရက်နေ့ ညနေပိုင်းက လုံခြုံရေး အဖွဲဝင်များမှ ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။


မြောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေး အဖွဲဝင်များသည် ပေါက်ချောင်းကျေးရွာ၏ အနီးဝန်းကျင်တွင် PDF အကြမ်းဖက်သမားများ အခြေပြု၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ဆက်ကြေးများ ကောက်ခံခြင်း၊ ကျေးရွာများအား မီးရှိဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့၍ ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခြင်းများ ပြုလုပ်လျက်ရှိခြင်းကြောင့် နယ်မြေခံပြည်သူများ၏ သတင်းပေးမှု များအရ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက် ပေးနေသော လုံခြုံရေးအဖွဲဝင်များသည် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ PDFအမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတိုနေထိုင်ရာ စခန်းများ၊ လက်နက်ခဲယမ်းနှင့် အသုံး ဆောင်ပစ္စည်းများအား ထားခဲ့ပြီး ဆုတ်ခွာ ထွတ်ပြေးသွားကြောင်း သိရှိရပါသည်။ 


လုံခြုံရေးအဖွဲဝင်များအနေဖြင့် အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများ အခြေပြုနေထိုင်ရာ စခန်းမှ -

ပြောက်ကျားဂျာကင် ၁၀၀ထည်၊ ပြောက် ကျားဦးထုပ် ၁၅၀လုံး၊ နွေဦးရောင်နီ တံဆိပ်ပါ (တီရှပ်) ၆၀ထည်၊ မိုင်း(Reciver) ၄၀၀ခု၊ လက်လုပ်စိန်ပြောင်း ၂လက်၊ လက်လုပ်လက်ပစ်ဗုံး ၃လုံး၊ လက်လုပ်(၁၂ဗိုသေနတ်) ၁လက်၊ ကျည် ၄တောင့်၊ ယူနီဖောင်း(အနက်) ၆စုံ၊ လယ်တိုဖိနပ်(အနက်) ၆စုံ၊ ပုခတ် ၅ခု၊ အီကွေမန့် ၁ခု၊ Espon ပရင်တာ ၂လုံး၊ 2900ကတ်ထရစ် ၄လုံး၊ ဓာတ်ခဲအစုံ ၁၃၄လုံး၊ ကီးဘုတ်နှင့်မောက် ၃စုံ၊ ခေါက်ဆိုလာပြား ၃ခု တို့အား လုံခြုံရေးအဖွဲဝင်များမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း (ခ) နွေဦး ဆိုသူ PDF အကြမ်းဖက်အဖွဲ့ခေါင်းဆောင်သည် မြောင်မြို့နယ်၊ ပေါက်ချောင်းကျေးရွာမှ ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment