Pages

Pages

ရေစကြိုမြို့၊ အမှတ်(၈)သုခဝတီရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအား PDF အကြမ်းဖက်သမားများက အသိဉာဏ်မဲ့စွာ မိုင်းခွဲတိုက်ခိုက် ဖျက်စီး



MNP ၊ မတ်လ ၈ 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၈)သုခဝတီရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအား PDF အကြမ်းဖက်သမားများက အသိဉာဏ်မဲ့စွာ ယမန်နေ့ ညနေ ၆နာရီဝန်းကျင်ခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့၊ အမှတ်(၈)သုခဝတီရပ်ကွက်ရှိ ကပ်ကျော်ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မာရုံအဆောင်ရှေ့နှင့် အိမ်သာ အဆောက်အဦကြားတွင် PDF အကြမ်းဖက်သမားများက အသိဉာဏ်ကင်းမဲ့စွာ မိုင်းခွဲတိုက်ခိုက် ထွက်ပြေး သွားကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ၏ အသိဉာဏ်ဆင်ခြင်တုံတရား ကင်းမဲ့စွာ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဓမ္မာရုံအဆောက်အဦ ခေါင်မိုးသွပ် ၁၀ ချပ်ခန့် ပွင့်ထွက် ၊ ဓမ္မာရုံလေကာ ပြူတင်းပေါက် မှန် ၃ ချပ်ကွဲ၊ အိမ်သာ အဆောက်အဦ သွပ်မိုး ၂ ချပ် ပွင့်ထွက်ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ၃ သိန်းကျပ်ခန့် ပျက်စီးဆုံးရှုးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment