Pages

Pages

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် PDF အကြမ်းဖက်သမားနှင့် ဆက်စပ်နေသူများ၏ နေအိမ်များ ချိတ်ပိတ်သိမ်းဆည်း



MNP ၊ မတ် ၂၈ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် PDF ပဒက်များ၏ ငွေလွဲလုပ်ငန်း လုပ်ကိုင်သူများ၏ နေအိမ်နှင့် လက်လုပ်မိုင်းများသိမ်းဆည်းထားရှိသူ၏ နေအိမ်များအား ယမန်နေ့က ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ သာစည်လမ်းရှိ ရတနာငွေထုတ်ငွေလွှဲ ဆိုင်ပိုင်ရှင်ဖြစ်သူ သန့်ဇင်အောင်သည် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ ဝယ်ယူရန် ငွေလွဲလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲများက သွားရောက်စစ်ဆေး တွေ့ရှိရ၍ ၎င်း၏ ရတနာ စက်ဘီး/ ဆိုင်ကယ်ရောင်းဝယ်ရေးနေအိမ်အား ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အလားတူ မုံရွာမြို့၊ သလ္လာရပ်ကွက်၊ ခတ္တာလမ်းတွင် ရှိသော PDF အကြမ်းဖက်အဖွဲ့ဝင် အောင်စိုးဝင်း၏ နေအိမ်အား သွားရောက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ နေအိမ်အတွင်းရှိ ထပ်ခိုးပေါ်တွင် လက်လုပ်မိုင်း ၂၃ လုံး၊ ကားစလစ်အိုးအခွံ ၄ လုံး တို့အား ရှာဖွေသိမ်းဆည်းရရှိပြီး ၎င်းနေအိမ်အား ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment