Pages

Pages

တနင်္သာရီမြို့နယ်အတွင်း တပ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုကို မခံဘဲ ဆိုင်ကယ်ဖြင့် ထွက်ပြေသွားသော PDF အကြမ်းဖက်သမား (၃)ဦး ဖမ်းဆီးရမိ


MNP ၊ မတ် ၂၆

တနင်္သာရီမြို့နယ်အတွင်း တပ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုကို မခံဘဲ ဆိုင်ကယ်ဖြင့် ထွက်ပြေသွားသော PDF အကြမ်းဖက်သမားအား ပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့် တနင်္သာရီ တိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကမ်းမလိုင်းကျေးရွာအနီး၌ တပ်မတော်စစ်‌ကြောင်းနှင့် PDF အကြမ်းဖက်သမားများ တိုက်ပွဲဖြစ်ပွားပြီး မိနစ်သုံးဆယ်ခန့်အကြာတွင် ရေဖြူကျေးရွာဘက်မှ တနသ်ာရီမြို့ဘက်သို့ ဆိုင်ကယ်တစ်စီး လူသုံးယောက်တင်၍ မောင်းနှင်လာစဉ် ကမ်းမလိုင်းရွာရှိ ခမရ (၅၅၈) တပ်ရင်းရှေ့ လုံခြုံရေးဂိတ် မှစစ်ဆေးရန် တားဆီးစဉ် မရပ်နားဘဲ မောင်း‌ပြေးသဖြင့် လုံခြုံ ရေးအဖွဲ့မှ ပစ်ခတ်တားဆီးစဉ် တစ်ဦးသေနတ်ထိမှန်၍ ကျကျန်ခဲ့ပြီး အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ရာ တနင်္သာရီမြို့နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူမှာ နောင်ငုငယ်(ဘ)ဦလင်းငယ် အသက် ၂၀ နှစ်ခန့်ဖြစ်ကြောင်း၊ ကျန်နှစ်ဦးအနက် တစ်ဦးမှာ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်မှ ဦးထွန်းဦး၏ သားဖြစ်‌ပြီး သေနတ်ထိမှန်ကာ ပဝရွာဘက်သို့ မောင်းနှင်ထွက်‌ပြေးသွားရာ ပဝရွာတွင်သေဆုံးသွား‌ကြောင်း၊ ကျန် ဆိုင်ကယ်မောင်းသူတစ်ဦးမှာ တနင်္သာရီမြို့၊ ချောင်းကြီးရပ်၊ တိုးချဲ့ ၅လမ်းမှ လူငယ်(အမည်မသိသေး)တစ်ဦးဖြစ်ပြီး မိမိအိမ်သို့ပြန်ရောက်လာစဉ် တနင်္သာရီမြို့လုံခြုံ ရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment