Pages

Pages

PSG အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာတဲ့ အမ်ဘာပေ

 


MNP - မတ်  ၇


PSGအသင်းရဲ့ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ PSG အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပါပြီ။အမ်ဘာပေဟာ ဂန္ဓာဝင်တိုက်စစ်မှူးဟောင်းကြီး အက်ဒီဆင် ကာဗာနီရဲ့ သွင်းဂိုး ၂၀၀နဲ့ အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်ကာ ၂၀၁ဂိုးဖြင့် စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ အသက်၂၄နှစ်အရွယ် ပြင်သစ်သားကတော့ “ပဲရစ်စိန့်ဂျာမိန်းအတွက် ကစားရတာ အခွင့်ထူးပါပဲ၊ ဒါက ငါ့မြို့မို့ PSG ကစားသမားဖြစ်ရတာ အထူးပါပဲ" လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး အမ်ဘာပေက "ပြင်သစ် ကျွန်တော့်နိုင်ငံ၊ ပဲရစ်မြို့တော်က ကျွန်တော့်မြို့ပါ၊ အရမ်းကိုလှပပါတယ်၊ ဒါပေမယ့် အသင်းနဲ့အတူ ကြီးမားတဲ့အောင်မြင်မှုတွေလည်း လိုချင်ပါတယ်” လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment