Pages

Pages

လီယွန်နယ် မက်ဆီကို စာချုပ်သစ်ချုပ်ဆိုဖို့ စောလွန်းသေးတယ်လို့ ပြောကြားခဲ့တဲ့ PSGနည်းပြ ဂယ်လ်တီယာ



MNP - မတ်  ၁၈


PSGအသင်း နည်းပြ ခရစ္စတိုဖီ ဂယ်လ်တီယာက တောင်ပံကစားသမား လီယိုနယ် မက်ဆီရဲ့ စာချုပ်သစ်ကိစ္စနဲ့ပတ်သက်ပြီး "မက်ဆီရဲ့ စာချုပ်သက်တမ်းတိုးဖိုကိစ္စ ပြောဖို့က စောလွန်းနေသေးတယ်" လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး  ခရစ္စတိုဖီ ဂယ်လ်တီယာက "လီယို၊ ဘုတ်အဖွဲနဲ့ အသင်းဥက္ကဌတို့ အများကြီး ဆွေးနွေးနေတာ သိပါတယ်၊ လီယိုက နောက်ရာသီမှာ ဒီမှာဆက်ရှိဖို့က အားလုံးရဲ့ဆန္ဒပဲလို့ ကျွန်တော်ထပ်ပြောနိုင်ပါတယ်၊ မက်ဆီက ဒီမှာ ပျော်ရွှင်နေပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment