Pages

Pages

ဗဟိုခံစစ်မှူး ရာမို့စ်၊ တိုက်စစ်ကစားသမား မက်ဆီနှင့် အမ်ဘာပေတို့ကို စာချူပ်သက်တမ်းတိုးဖို့ ကြိုးစားနေတဲ့ PSG



MNP - မတ်  ၃၁


PSGအသင်းဟာ အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဗဟိုခံစစ်ကစားသမား ဆာဂျီယို ရာမို့စ်၊ တောင်ပံကစားသမား လီယွန်နယ် မက်ဆီနှင့် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေတို့ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေကြောင်း သိရသည်။


PSGအသင်းဥက္ကဋ္ဌ နက်စ်ဆာ အယ်လ်ခီလိုင်ဖီက ဆာဂျီယို ရာမို့စ်၊ လီယွန်နယ် မက်ဆီနှင့် ကီလီယန် အမ်ဘာပေတို့ရဲ့ စာချုပ်သစ်ကိစ္စနဲ့ပတ်သက်ပြီး"သူတို့အားလုံးကို ထိန်းသိမ်းဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်" လို့ Marcaသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက "ကျွန်တော်တို့ ဘာလုပ်နေတယ်ဆိုတာကို သေချာအောင် ခွဲခြမ်းစိတ်ဖြာပြီး ဆက်လုပ်လို့နေပါတယ်၊ ကျွန်တော်တို့အမှားတွေ လုပ်မှာမဟုတ်ဘူး" လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment