မြို့သစ်မြို့ အ.ထ.က(၁)၌ RC သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း (၅၀)ရာခိုင်နှုန်းပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့သစ်မြို့ အ.ထ.က(၁)၌ RC သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း (၅၀)ရာခိုင်နှုန်းပြီးစီး



MNP ၊ မတ်  ၂၀

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြား၊ သင်ယူနိုင်စေရေးအတွက် RC သုံးထပ်ကျောင်းဆောင်သစ်ကို ဆောက်လုပ်လျက်ရှိရာ (၅ဝ) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။


အဆိုပါ ကျောင်းဆောင်သစ်မှာ အလျား(၁၄၀)ပေ၊ အနံ(၃၀)ပေ သံကူကွန်ကရစ်အဆောက်အဦဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ (၄၉၀ဒဿမ၁၇၀)ကျပ်သန်းဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ဆောက်လုပ်ခဲ့ပြီး ၎င်းလုပ်ငန်းများ အရည်အသွေးပြည့်မီအောင် ဆောက်လုပ်နိုင်ရေး၊ သတ်မှတ်အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလတွင်း ပြီးစီးရန်အတွက် မြို့နယ်အရည်အသွေးစစ်ဆေးရေးကြီးကြပ်မှုကော်မတီတို့မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ (၅၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးပါကကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျယ်ဝန်းသော ကျောင်း​ဆောင်၊ သပ်ရပ်သည့် ကျောင်းခန်းများဖြင့် ကျန်းမာရေးဌာန၏ ကို ဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းများနှင့်အတူ အေးချမ်းအဆင်ပြေစွာဖြင့်ပညာသင်ကြားနိုင်မည်ာဖြစ်ကြောင်း သိရသည်။


သန်းဝင်းထွန်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)