Pages

Pages

ပေါင်မြို့နယ်တွင် တောင်သူလယ်သမားနေ့အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်



MNP  -    မတ်      ၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်   တောင်သူလယ်သမားနေ့အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နံနက်ပိုင်းက အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


‌ထို့နောက်  ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင်က မျက်မှောက်ကာလသည် တောင်သူလယ်သမားများ ကြုံတွေ့နေရသည့်အခက်အခဲများနှင့်စိန်ခေါ်မှုများအ‌ကြောင်း၊ နိုင်ငံတော်ကတောင်သူလယ်သမား  စိုက်ပျိုးမွေးမြူလုပ်ကိုင်နေကြသူများ၏ အခက်အခဲများ ပြေလည်ကာလူမှုစီးပွါးဘဝကိုနည်းလမ်းမျိုးစုံဖြင့်  အဖြေရှာကာ ပံ့ပိုးဖော်ဆောင်ပေးနေမှုများ၊အဓိက  လိုအပ်လျက်ရှိသည့်သွင်းအားစုများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ သီးနှံအထွက်တိုးရေးအတွက် အဓိကလိုအပ်ချက်များကို နိုင်ငံတော်က ပံ့ပိုးပေးထားပြီးဖြစ်ရာ    လာမည့်စိုက်ပျိုးရာသီတွင်   တောင်သူများက  မိမိတို့စွမ်းအားရှိသမျှ   နည်းစနစ်မှန် စေတနာသန်သန်ဖြင့် တိုင်းပြည်နှင့်မိမိတို့မိသားစု  လူမှုစီးပွါးဘဝမြင့်မားရေးကိုဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သင့်သည်များ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


ပေါင်မြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment