Pages

Pages

ကျောက်တန်းမြို့နယ်၌ ခရမ်းလွန်ရောင်ခြည်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ


MNP ၊ မတ်  ၁၄

ရန်ကုန်ဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ခရမ်းလွန်ရောင်ခြည်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပဆွေးနွေးခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက အိုဇုန်လွှာပေါက်ကွဲမှုကြောင့် နေရောင်ခြည်ထဲမှာ ပါဝင်လာသော ခရမ်းလွန်ရောင်ခြည်ဟာ လူတွေအတွက် အကာကွယ်တခုဖြစ်သော အရေးပြားတွင်ရှိသော ဆဲလ်များကို ပျက်စီးစေကြောင်း၊ ခရမ်းလွန်ရောင်ခြည်ဟာ မျက်စိနှင့်အရေပြားကို အဓိက ထိခိုက်စေနိုင်ကြောင်း၊ ထိုနေရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်ရန် နေပူထဲထွက်ခြင်းကို အတက်နိုင်ဆုံးရှောင်ရှာရန် မဖြစ်မနေထွက်ရမည်ဆိုလျှင် ထီး၊ နေကာ မျက်မှန်၊ နေရောင်ခြည် ဒဏ်ခံနိုင်သော အဝတ်အထည်များ ဝတ်ဆင်သွားသင့်ကြောင်း၊ နေရောင်ခြည်ကာကွယ်သောဆေးများကို နေရာင်ခြည်ထဲမထွက်ခင် ကြိုတင်လိမ်းသင့်ကြောင်း၊ ညနေခင်းအချိန်သာ နေရောင်ထဲသို့ ထွက်ရန်သင့်တော်ဆုံးအချိန်ဖြစ်ကြောင်းကို ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချိုနှင့် အတူဆွေးနွေး ခဲ့ကြသည်။


ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကို အစဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သန့်ဇင်ထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment