Pages

Pages

ကျိုက်ထိုမြို့နယ်တွင်တောင်သူလယ် သမား နေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်



MNP   -   မတ်   ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေ ပြု ဗဟိုဌာန Community Centre ခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မတ်လ  (၂ )ရက် မွန်းလွဲ  (၁ )နာရီ အချိန်ကတောင်သူလယ် သမားနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။


   ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာ ရှိ ဒေါ်သန်းသန်းမော်က  အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး

စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးအရာရှိဦးဝင်းဗိုလ်က တောင်သူလယ်သမားနေ့ဖြစ်ပေါ်လာပုံအကြောင်း၊တောင်သူလယ်သမားတွေရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးနေမှု၊တောင်သူလယ်သမားများ၏စိုက်ပျိုးထုတ်လုပ်မှုအပေါ်ဌာနအနေဖြင့်ဝန်ဆောင်မှုပေးနေသည့်အခြေအနေများ၊စာနပ်ရိက္ခာအတွက်တောင်သူလယ်သမားများ၏အရေးပါပုံအကြောင်းတို့ကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေးခဲ့‌ ကြောင်းသိရသည်။


   ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး Talk Show  ဆွေးနွေးပွဲအစီအစဉ် များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူ အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


ပြည့်ဖြိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment