Pages

Pages

ဂွမြို့နယ်တွင် ငါးသယံဇာတထိန်းသိမ်းရေးအသိပညာပေး Talk Show ပြုလုပ်





MNP ၊ မတ်  ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး Talk Show ကို ယမန်နေ့ ည​နေ ၃နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဂွမြို့နယ်ရုံး Community Center ခန်းမ တွင်  ကျင်းပ ပြုလုပ်ခဲ့သည်။ 


အဆိုပါ Talk Showတွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဂွမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ငါးသယံဇာတထိန်းသိမ်းရေးဆိုင်ရာ  အသိပညာပေး Talk Show ပြုလုပ်ရခြင်းအား ရှင်းလင်း ပြောကြားပြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ရီက ငါးသယံဇာတထိန်းသိမ်းရေးနှင့် ပတ်သက်၍ ငါးလုပ်ငန်းဦးစီးဌာနက လက်ရှိလုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းများအား လည်းကောင်း၊ ငါးသယံဇာတ ထိန်းသိမ်းရေးအတွက် ရှေ့ဆက်လုပ်ဆောင်သွားမည့် အခြေအနေများအား လည်းကောင်း  အသိပညာပေး ရှင်းလင်း ဆွေးနွေး ပြော ကြားခဲ့ကြောင်းသိရသည်။ 


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment