ခရမ်းမြို့နယ်တွင် တောင်သူလယ်သမားနေ့အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ်တွင် တောင်သူလယ်သမားနေ့အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်


MNP   -   မတ်   ၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်း‌ဝေက  (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ထို့နောက် ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ‌ ဒေါ်အိအိငြိမ်း (အငယ်တန်းစာရေး) ကမျက်မှောက်ကာလသည် တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများအကြောင်း၊ နိုင်ငံတော်က တောင်သူလယ်သမား  စိုက်ပျိုး မွေးမြူလုပ်ကိုင်နေကြသူများ၏ အခက်အခဲများပြေလည်ကာ လူမှုစီးပွားဘဝကို နည်းလမ်း မျိုးစုံဖြင့်  အဖြေရှာကာ ပံ့ပိုးဖော်ဆောင်ပေးနေမှုများ၊ အဓိကလိုအပ်လျက်ရှိသည့် သွင်းအားစုများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ သီးနှံအထွက်တိုးရေးအတွက် အဓိက လိုအပ်ချက်များကို နိုင်ငံတော်က ပံ့ပိုးပေးထားပြီးဖြစ်ရာ    လာမည့်စိုက်ပျိုးရာသီတွင်   တောင်သူများက  မိမိတို့စွမ်းအားရှိသမျှ   နည်းစနစ်မှန် စေတနာသန်သန်ဖြင့် တိုင်းပြည်နှင့် မိမိတို့မိသားစု  လူမှုစီးပွားဘဝမြင့်မားရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သင့်သည်များ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ ကြသည်။


ခရမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာများ တိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေး ဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။


ကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)