Pages

Pages

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ မီးဘေးလုံခြုံရေးအသိပညာပေး Talk Show ပြုလုပ်


MNP ၊ မတ်  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့ မီးသတ်ဦးစီးဌာနရုံး၌ ယနေ့နံနက် (၁၀) နာရီအချိန်က မီးဘေးလုံခြုံရေးအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲတွင် ထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးဟန်မျိုးထွန်းက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ပြီးနောက် ထန်ပါခွေမြို့ မီးသတ်ဦးစီးမှူး ဦးဒါနက မီးဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းထားရှိမှုအခြေအနေများနှင့် လောင်စာဆီ သိုလှောင်ထားရှိမှု အခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment