Pages

Pages

ဝါရှင်တန်ဒီစီအခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၏ ဇနီးများနှင့် အမျိုးသမီးသံတမန်များ ပါဝင်သည့် ASEAN Spouses’ Circle Washington, D.C. (ASC) ၏ လှုပ်ရှားမှု အစီအစဉ်သို့ မြန်မာသံရုံးမှ ပါဝင်တက်ရောက်






MNP ၊ ဧပြီ ၂၉

ဝါရှင်တန်ဒီစီအခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၏ဇနီးများနှင့် အမျိုးသမီး သံတမန်များပါဝင်ဖွဲ့စည်းထားသည့် ASEAN Spouses’ Circle Washington, D.C. (ASC) မှ အင်ဒိုနီးရှားသံအမတ်ကြီး၏ဇနီးက ဦးဆောင်၍ အင်ဒိုနီးရှားသံအမတ်ကြီး၏နေအိမ်တွင် ၂၈-၄-၂၀၂၃ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံများမှ စွမ်းဆောင်နိုင်သူ/ပြယုဂ်ရှိသူ အာဆီယံ အမျိုးသမီးများနှင့် မိတ်ဆက်ပွဲ (Heroine and Iconic Women of ASEAN) သို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံမှူးကြီးနှင့် အမျိုးသမီးသံတမန်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်သို့ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၏ဇနီးများ၊ အာဆီယံ သံရုံးများမှ အမျိုးသမီး သံတမန်များ၊ ဝါရှင်တန်ဒီစီအခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၏ ဇနီးများ၊ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ၊ ကမ္ဘာ့ဘဏ်နှင့် အခြားသော စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၏ ဇနီးများက တက်ရောက်ခဲ့ကြရာ အာဆီယံနိုင်ငံများမှ အမျိုးသမီး စွမ်းဆောင်ရှင်များနှင့်ပတ်သက်၍ ဓါတ်ပုံ၊ ဗွီဒီယိုများ၊ Power point များဖြင့် ပြသရှင်းလင်း ပြောကြားမှုအစီအစဉ်တွင် မြန်မာသံရုံးသည် မြန်မာနိုင်ငံ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၏ ကိုယ်ရေးအကျဉ်းချုပ်နှင့် ဆောင်ရွက်ချက်များကို ဓါတ်ပုံ၊ Power point များဖြင့် ထည့်သွင်း ဖော်ပြရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံရိုးရာ အမျိုးသမီးဝတ်စားဆင်ယဉ်မှု သရုပ်ပြ အစီအစဉ်တွင်လည်း မြန်မာ့ရိုးရာ အမျိုးသမီး ပွဲနေပွဲထိုင် ဆင်ယဉ်ထုံးဖွဲ့မှုဖြင့် ပါဝင်၍ မြန်မာ့ယဉ်ကျေးမှု အမျိုးသားဝတ်စုံမိတ်ဆက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#MyanmarNationalPost

No comments:

Post a Comment