Pages

Pages

ကံမမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ




MNP ၊  ဧပြီ ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၃)ရပ်ကွက်  ယွန်းကျောင်းပရိယတ္တိစာသင်တိုက်၌ ယမန်နေ့နံနက် ၉ နာရီက စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အင်ဘက်တောကျောင်းတိုက်ဆရာတော်  အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တစိတြဉာဏနှင့် ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် နမောတဿ (၃)ကြိမ် ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အင်ဘက်တောကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တစိတြဉာဏထံမှ တက်ရောက်လာကြသော ဧည့် ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးက သာသနာ့ရေးဆိုင်ရာများ လျှောက် ထားပြီးနောက် ဆရာတော်များအား နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ထို့နောက် ၂၀၂၂ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့သည့် ရဟန်းသာမဏေများအား အောင်လက်မှတ်၊ နဝကမ္မ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများအား တာဝန်ရှိသူအသီးသီးက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍  အနုမောဒနာ တရားယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။


ကျော်ဇေယျဝင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment