Pages

Pages

သရက်မြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေး



MNP ၊  ဧပြီ ၄

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မွေးကင်းစမှ အသက် (၁)နှစ်ခွဲထိကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော် ဘုရားကြီးဓမ္မာရုံတွင်  မြို့ပေါ်(၈)ရပ်ကွက်မှ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ကာကွယ်ဆေး ထိုးနှံပေးရာတွင်မွေးကင်းစမှ အသက် (၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၂)လ ကလေးငယ်များကိုဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်းအဆုတ်ရောင်၊ ဆုံဆို့၊ကြက်ညှာ၊ အသည်းရောင်အသားဝါ(ပထမအကြိမ်)၊ (၄)လ အရွယ်ကလေးငယ်များကို ပိုလီယို၊ ပြင်းထန်းအဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ဒုတိယ)အကြိမ်၊ (၆လ)မှာ(တတိယအကြိမ်) ထိုးနှံရပြီး အသက်(၉)လမှာ ဂျပန် ဦးနှောက် ရောင်၊ဝက်သက်၊ဂျိုက်သိုး(ပထမ)အကြိမ်နှင့် အသက်(၁) နှစ်(ခွဲ)မှာ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်) ကာကွယ်ဆေးများကို စတုတ္ထအကြိမ်နှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ဇော်ထက်

 https://t.me/MyanmarNationalPost





No comments:

Post a Comment