Pages

Pages

ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်း ၅၉ ကျောင်းတွင် အောင်စာရင်းများထုတ်ပြန်





MNP ၊  ဧပြီ ၂၇

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ အောင်စာရင်းကို ယနေ့နံနက်မှစ၍ တစ်နိုင်ငံလုံး တစ်ပြိုင်နက်ထုတ်ပြန်ခဲ့ရာ ပုဗ္ဗသီရိမြို့နယ်ရှိ အခြေခံပညာ ကျောင်းများတွင်လည်း အောင်စာရင်းများ ထုတ်ပြန်ထားရှိကြောင်း သိရသည်။


ပုဗ္ဗသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း ၇ ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ၅ ကျောင်း၊  အလယ်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) တစ်ကျောင်း၊ မူလတန်း(လွန်) ၁၄ ကျောင်း၊ မူလတန်းကျောင်း ၂၉ ကျောင်း၊ စုစုပေါင်း ၅၉ ကျောင်းရှိပြီး အဆိုပါ ကျောင်းများတွင် အောင်စာရင်းများ  ထုတ်ပြန်ထားပြီး အောင်ချက် ရာခိုင်နှုန်းအနေဖြင့် ရာနှုန်းပြည့်အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


အဆိုပါကျောင်းများအလိုက် အောင်စာရင်း ထုတ်ပြန်ကြေညာထားမှုအား ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများ လာရောက်ကြည့် ရှုခဲ့ကြကြောင်း သိရသည်။


သန္တာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment