Pages

Pages

နယူးကာဆယ်နဲ့ပွဲက အသင်းရဲ့ စွမ်းဆောင်ရည်ကို စပါးနည်းပြ စတယ်လီနီ ဝေဖန်



MNP - ဧပြီ ၂၄


 တော်တင်ဟမ်ဟော့စပါးအသင်းနည်းပြ ခရစ္စတီယန် စတယ်လီနီက နယူးကာဆယ်အသင်းကို အဝေကွင်းမှာ ၆ဂိုး ၁ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ပြီးနောက် ပွဲပြီးအင်တာဗျူးမှာ  "ကျွန်တော့်ရဲ့ လက်ရှိအနေအထားကို သံသယရှိလား၊ဒါက ကျွန်တော့်အတွက် မေးခွန်းမဟုတ်တဲ့အတွက် အဖြေလည်းမရှိပါဘူး" လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ခရစ္စတီယန် စတယ်လီနီက  "ဒီလို စွမ်းဆောင်ရည်မျိုး ရှင်းပြဖို့ စကားလုံးမရှိပါဘူး။ ပထမဆုံး ၂၅ မိနစ်ဟာ ကျွန်တော်မြင်ဖူးသမျှထဲမှာ အဆိုးဆုံးပါပဲ၊ ဒါကိ ကျွန်တော်တာဝန်ယူပါတယ်"လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment