Pages

Pages

သထုံမြို၌ ယခုနှစ်အတာသင်္ကြန်ပွဲတော်တွင် ပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန်ပွဲတော် ထည့်သွင်းကျင်းပမည်





MNP ၊  ဧပြီ ၁၁

မွန်ပြည်နယ်၊ သထုံမြို့တွင် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေး ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


လမ်းလျှောက်သင်္ကြန်ပွဲတော်ကို သထုံမြို့၏ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး မြောက်ဘက်မုခ်အရှေ့ရှိ ဘုရားလမ်းပေါ်တွင် အေးချမ်းပျော်ရွှင်စွာကျင်းပ‌နိုင်ရေး တာဝန်ရှိသူတို့က ပြင်ဆင်နေလျှက်ရှိပြီး မဟာသင်္ကြန်အကြိုနေ့ မွန်းလွဲပိုင်းမှစတင်ကာ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကာ နေ့စဉ် စတုဒီသာများ ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။


သထုံမြို့နယ်တွင် ယခုနှစ်မဟာသင်္ကြန်ပွဲတော်၌ ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော်ထည့်သွင်းကျင်းပခြင်းအပြင် ရိုးရာအစဉ်အလာမပျက် သက်ကြီးပူဇော်ပွဲများ၊ ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ ရိုးရာအစားအစာများကို စတုဒီသာကျွေးမွေးလှူဒါန်းခြင်းများ၊ အစုအဖွဲ့အလိုက် ရေကစားမဏ္ဍပ်များ စသည်တို့ဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း၊ ကုသိုလ်ပြုခြင်းတို့ဖြင့် ဆင်နွှဲနိုင်စေရန်စီစဉ်ထားပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်အား အကြိုနေ့မွန်းလွဲပိုင်းမှစတင်ကာ အတက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment