Pages

Pages

မာန်အောင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများအားစာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေး




MNP ၊  ဧပြီ ၆

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာပေဖတ်ရှုမှု အဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက်( အခမဲ့)ငှားရမ်းဝန်ဆောင်မှုပေးလျက်ရှိရာ ယနေ့မွန်လွဲ၁နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများအား သွားရောက်ငှားရမ်း ပေးခဲ့သည်။


        ထိုသို့ ငှားရမ်းပေးရာတွင် စာဖတ်သူများ စာပေ ဗဟုသုတ ရရှိစေရန်၊စာဖတ်ခြင်းဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် သုတ/ရသ/ဝတ္တုစာအုပ်များ၊မဂ္ဂဇင်းစာအုပ်များကို တစ်ပတ် ငှားရမ်းပြီး တစ်ပတ်ပြည့်လျှင် စာအုပ် အသစ်ဖြင့် ပြန်လည် လဲလှယ်ငှားရမ်းပေးသည့်စနစ်ဖြင့်(အခမဲ့)ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment