Pages

Pages

မိုင်းငေါ့မြို့၌ နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်




MNP ၊  ဧပြီ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်း‌ငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ‌ ဝန်ထမ်းများသည် နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စာကြာ့်တိုက်မှူး ဒေါ်မို့မို့က နိုင်ငံဝန်ထမ်း များ ထားရှိရမည့် စံတန်ဖိုးများနှင့် ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန် ကတိကဝတ် ပြုခြင်းခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြားရှင်းလင်းခဲ့ သည်။


ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃- ဒေါ်ခိုင်နှင်းဆီက လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရီယ ဖြင့်တိကျ မှန်ကန်မြန်ဆန်ထိရောက်စွာ ဆောင်ရွက်ခြင်းခေါင်းစဉ်ပါ အကြောင်းအရာများ ကိုလည်းကောင်း အသီးသီး ဖတ်ကြားရှင်းလင်းခဲ့ကြောင်း သိရသည်။


မြင့်သွယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment