MNP ၊ ဧပြီ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲနောက်ဆုံးနေ့ကို ယနေ့မွန်းလွဲပိုင်းက အောင်စည်သာပရိယတ္တိစာသင်တိုက်၌ ဖြေဆိုခဲ့သည်။
ထိုသို့ ဖြေဆိုနေမှုအား ကျည်တောင်ကန်အမှတ်(၃) ရပ်ကွက် မြို့မကျောင်းတိုက်ဆရာတော် ဦးမေဓာနန္ဒပါ သံဃာတော် ၁၂ ပါးမှကြီးကြပ်ပြီး မတ်လ ၂၈ ရက်နေ့မှ စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် ပထမကြီးတန်း၌ ရှိရင်းရဟန်း ၃၄ ပါး၊သံဃာ ၂၉ ပါး၊ သီလရှင်ငါးပါး၊ စုစုပေါင်း ၃၄ ပါး၊ ဖြေဆိုသံဃာ ၂၈ ပါး၊ သီလရှင်ငါးပါး၊ စုစုပေါင်း ၃၃ ပါး၊ ပျက်ကွက်တစ်ပါး ဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။
သန္တာလင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment