Pages

Pages

ပေါင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်







MNP ၊  ဧပြီ ၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာများအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများမှ " နမောတဿ " သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ကြပြီးနောက် မြို့နယ်သံဃနာယကဆရာတော် ထံမှ ငါးပါးသီလခံယူတည်ဆောက်ကြသည်။


ဆက်လက်၍ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်မှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။


ထို့နောက် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော စာအောင်သံဃာ  ( ၅၉ ) ပါးနဲ့ သီလရှင်( ၂ ) ပါး တို့ကို တာဝန်ရှိသူများမှ ဘွဲ့တံဆိပ်စာအောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment