Pages

Pages

တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၄)ခရိုင် အသက်(၁၈)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲစတင်ကျင်းပ


MNP ၊  ဧပြီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၄)ခရိုင် အသက်(၁၈)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို  ယမန်နေ့ညနေ(၃:၃၀)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ စတင်ကျင်းပကြောင်း သိရသည်။


အဆိုပါဘောလုံးပြိုင်ပွဲတွင် အုပ်စု(က)မှာ မင်္ဂလာဒုံ၊ ကမာရွတ်၊ တွံတေးနှင့်မရမ်းကုန်းခရိုင်၊ အုပ်စု(ခ)မှာ ဒဂုံမြို့သစ်၊ သန်လျင်၊ အလုံနှင့်တိုက်ကြီးခရိုင်၊ အုပ်စု(ဂ)မှာ အင်းစိန်၊ ဗိုလ်တစ်ထောင်နှင့် မှော်ဘီခရိုင်၊ အုပ်စု(ဃ)မှာ လှည်းကူး၊ သင်္ဃန်းကျွန်းနှင့် ကျောက်တံတားခရိုင် စုစုပေါင်းအုပ်စု(၄)စု၊ (၁၄)ခရိုင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ပထမနေ့ပွဲစဉ်အဖြစ် အုပ်စု(က)မှ ယှဉ်ပြိုင်ကစားကြပြီး ဧပြီလ(၁၈)ရက်နေ့မှ မေလ(၄)ရက်နေ့ထိ ညနေ(၃:၃၀ မှ ၅:၀၀)နာရီအထိ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အားကစားကွင်းတို့တွင် အုပ်စုအလိုက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် အုပ်စု(၄)စု၊ (၁၄)ခရိုင်ရဲ့ပါဝင်ယှဉ်ပြိုင်မှုကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမင်းဆွေဦး၊  ရန်ကုန်အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးရဲကျော်သူနှင့်တာဝန်ရှိသူများ၊ နည်းပြများနှင့်အားကစားသမားများ၊ အားကစားချစ်မြတ်နိုးသူဝါဿနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။ 


သီတာအေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment