Pages

Pages

မိုးမိတ်မြို့နယ်တွင် မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ရိက္ခာနှင့်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက်ပေးအပ်


MNP ၊  ဧပြီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးနှင့်တာဝန်ရှိသူများက မီးဘေးသင့်မှုဖြစ်ပွားခဲ့သော ပဒါန်းကျေးရွာနေ ဦးထွန်းကျန်၏ နေအိမ်သို့  ယမန်နေ့နံနက် ၁၀ နာရီက  ရိက္ခာနှင့်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါအိမ်သည်  ဧပြီ ၁၇  ရက်နေ့၌  မီးဘေးသင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ပျက်စီးဆုံးရှုံးမှုများတွက်  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးက  ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး၊ ဆန်ရိက္ခာ (၇)ရက်စာအတွက် ထောက်ပံ့ငွေ (၂၁၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ (၂၀၀၀၀၀)ကျပ် တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာအိမ်ရှင်ဖြစ်သူ ဦးထွန်းကျန် လက်ခံရယူခဲ့သည်။


သဘာဝေဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးသို့ လာရောက်ဆက်သွယ်နိုင်ပါကြောင်းနှင့် ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment