Pages

Pages

မိတ္ထီလာမြို့နယ် တပျော်ကျေးရွာ၌ စတုတ္ထအကြိမ်မြောက် သက်ကြီးဘိုးဘွားပူဇော်ပွဲကျင်းပ



MNP ၊  ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တပျော်ကျေးရွာအုပ်စု တပျော်ကျေးရွာ၌ ရွှေပျော်လူငယ် ပရဟိတအဖွဲ့၏ စတုတ္ထအကြိမ်‌မြောက်  အသက် ၇ဝ နှစ်အထက် အသက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကို ယနေ့မြန်မာနှစ်ဆန်း ၂ ရက်နေ့ ဧပြီလ ၁၈ ရက်နေ့နံနက် ၈ နာရီအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပကြောင်းသိရသည်။


ရှေးဦးစွာ တပျော်ကျေးရွာအုပ်စုသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ တပျော်ကျေးရွာ ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တကုသလထံမှ ငါးသီလတရားတော်ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသောင်းဌေး၊ ကန်တော့ခံအသက် ၇ဝ နှစ် အထက် သက်ကြီး ဘိုးဘွားများ၊ ရပ်မိရပ်ဖများ၊ ရွှေပျော်လူငယ် ပရဟိတ အဖွဲ့ဝင်များနှင့် ကျေးရွာဒေသခံများက ခံယူဆောက်တည်ကြသည်။ ဆရာတော်ဘဒ္ဒန္တကုသလထံသို့ နဝကမ္မလှူဒါန်းငွေ တစ်သိန်းကျပ်၊ ကျောင်းကုန်းကြီးစေတီတော် လျှောက်လမ်းနှင့် ဆွမ်းအိုးတင်တံတိုင်းပြုလုပ်ရန်အတွက် လှူဒါန်းငွေ တစ်သိန်းငါးသောင်းကျပ် တို့ကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍ သက်ကြီးပူဇော်ပွဲတွင် အသက် ၇ဝ နှစ်အထက် သက်ကြီး အဘိုး ၁၅ ဦးနှင့် အဘွား ၁၆ ဦး စုစုပေါင်း ၃၁ ဦးအား တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ရွှေပျော်လူငယ်ပရဟိတ အဖွဲ့ဝင်များနှင့် ကျေးရွာဒေသခံများက ပူဇော်ကန်တော့ခဲ့ကြကြောင်းသိရသည်။


ချမ်းသာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment