Pages

Pages

ညောင်ဦးအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား(၂)ဦးအားလွတ်ငြိမ်းခွင့်ပေး




MNP ၊  ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးအကျဉ်းထောင်အတွင်းရှိ အချုပ်သား၊ အချုပ်သူများအနက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် လွတ်မြောက်သော အချုပ်သား(၂)ဦးအား ဧပြီလ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီခွဲက ညောင်ဦးအကျဉ်းထောင်တွင် ကျင်းပသည်။


အခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ကအဖွင့်အ မှာစကားပြောကြားခဲ့ပြီး ဒုတိယရဲမှူးကြီးမြအောင်က ဩဝါဒစကားပြောကြားသည်။ ပြီးနောက် ညောင်ဦးအကျဉ်းဦးစီးဌာန  ဦးစီးအရာရှိ ဦးဝင်းဇော်မင်းက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လွတ်ငြိမ်းချမ်းသာ ခွင့်အကျဉ်းသားများအား ထောင်လွတ်လက်မှတ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်၊  အသိပညာပေး လက်ကမ်းစာစောင်၊ လွတ်လူခရီးစရိတ်နှင့် စားစရိတ်များပေးအပ်ခဲ့ကြောင်းသိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment