Pages

Pages

မာန်အောင်မြို့ဓာတ်တော်စေတီတော် ဝင်းအတွင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ကောင်းမှုများဆောင်ရွက်






MNP ၊  ဧပြီ ၈

ရခိုင်ပြည်နယ် မာန်အောင်မြို့ဓာတ်တော်စေတီတော်ဝင်းအတွင်း သန့်ရှင်းသာယာ လှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေး ကုသိုလ်ကောင်းမှု ဆောင်ရွက်ခြင်းကို ယနေ့နံနက်၈နာရီက အဆိုပါ စေတီတော်ဝင်း၌ ပြုလုပ်ခဲ့သည်။


     ထိုသို့ စုပေါင်းသန့်‌ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ် ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဓာတ်တော် စေတီတော် ဝင်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်း၊အမှိုက်များကို ခုတ်ထွင်ရှင်းလင်း သန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး အမှိုက်များကို စနစ်တကျ စွန့်ပစ်ခဲ့ကာ သန့်ရှင်းရေး ကုသိုလ်ကောင်းမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost



No comments:

Post a Comment