ဝေါမြို့ ကြုံတူကျောင်းတိုက်၌ သာမဏေကျော်(၄)ဘွဲ့ရ အရှင်ဝီရသေဋ္ဌာလင်္ကာရ၏ ဂုဏ်ပြုပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့ ကြုံတူကျောင်းတိုက်၌ သာမဏေကျော်(၄)ဘွဲ့ရ အရှင်ဝီရသေဋ္ဌာလင်္ကာရ၏ ဂုဏ်ပြုပူဇော်ပွဲကျင်းပ




MNP ၊  ဧပြီ ၁၁

သာသနာတော်နှင့် ၂၅၆၆ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော်(၇)ရက်နေ့၊ ဧပြီလ ၁၁ ရက်နေ့နံနက် (၉) နာရီက ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ကြုံတူကျောင်းတိုက်အတွင်း ကျင်းပအပ်သော စစ်ကိုင်းမြို့ မြစကြာကျောင်းတိုက် ၁၃၈၀ ပြည်နှစ် အစိုးရအခြေပြုမူလတန်း(တစ်နိုင်ငံလုံးပထမဆု)နှင့် သကျသီဟပရိယတ္တိသာသနာလင်္ကာရသာမဏေကျော်ဘွဲ့၊ သာသနာ့ဝန်ဆောင် သာမဏေကျော်ဘွဲ့၊ သာသနင်္ကုရသာမဏေကျော်ဘွဲ့သူငယ်တော်တောရ သာသနာ့လင်္ကာရ သာမကျော်ဘွဲ့တို့ကို ရရှိအောင်မြင်တော်မူသော ဝေါမြို့ဂုဏ်ဆောင် အာဒိကမ္မိက အဦးအစသာမဏေကျော်(၄)ဘွဲ့ရ သာသနာ့အာဇာနည် အရှင်ဝီရသေဋ္ဌာလင်္ကါရအား ချီကျူးဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ ရပ်မိရပ်ဖများနှင့် အလှူရှင်များတက်ရောက်ကြပြီး ရှေးဦးစွာ ပင့်သံဃာဆရာတော်ကြီးများနှင့် ဘွဲ့တံဆိပ့်တော်များအား နိုင်ငံကျော်တေးသံရှင် မအိသက်ထားမွန်မှ ထူးမခြားနားဖြင့် သီဆိုပူဇော်အခမ်းနားသဘင်သို့ ပင့်ဆောင်ကာ၊ အပူဇော်ခံအရှင်ဝီရသေဋ္ဌာလင်္ကါရ အားနိုင်ငံတော်တေးသံရှင် မအိထားမွန်မှ သာမဏေကျော်တေးထပ်ဖြင့် သီဆိုပူဇော်ကာ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုကာဖွင့်လှစ်ပြီး၊ မြစကြာနာယကဆရာတော် အရှင်သီလာနန္ဒာဘိဝံသ ရေးသားဂုဏ်ပြုအပ်သော အခမ်းအနားဖွင့်ဂါထာအား ဦးဝိဿုတာလင်္ကါရ(မြစကြာ)မှ ရွတ်ဖတ်ပူဇော်သည်။


ထို့နောက် ဇွဲမစိုးရိမ်ဆရာတောဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက်ထ အပူဇော်ခံ အရှင်ဝီရသေဋ္ဌာလင်္ကာရအား အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော်အရှင်သုဇနာဘိဝံသ ရေးသားဂုဏ်ပြုအပ်သောဂုဏထောမနာဂါတာအား အရှင်သုဝဏ္ဏမှ ရွတ်ဖတ်ဂုဏ်ပြုပူဇော်သည်။ မြစကြာနာယက ဆရာတော်အရှင်သီလာနန္ဒာဘိဝံသရေးသားဂုဏ်ပြုအပ်သော ရတုပိုဒ်စုံကဗျာကို နိုင်ငံကျော်တေးသံရှင် မအိသက်ထားမွန်မှ သီဆိုပူဇော်ပြီးနောက် အရှင်ဝီရသေဋ္ဌာလင်္ကာရ၏ အထ္ထုပတ္တိကထာအား ဦးအောင်စိုးမှ ဖတ်ကြားပေးသည်။


ထို့နောက် မေတ္တာရောင်ခြည်ဆရာတော်မှ ပူဇော်ပွဲနှင့်စပ်လျဥ်၍ ရင်တွင်းဖြစ်စကား အနည်းငယ်မိန်ကြားသည်။ အရှင်ခေမိန္ဒ(ဘုန်းကျော်) မင်းကွန်ရေးသားဂုဏ်ပြုအပ်သေည ရှစ်ဆယ်ပေါ်ထပ်တွန့်တေးထပ်ကို နိုင်ငံကျော်တေးသံရှင် မအိသက်ထာမွန်မှ သီဆိုပူဇော်ကာ ပူဇောပွဲမတည်အလှူရှင်များမှ အပူဇော်ခံအရှင်သူမြတ်တို့အားလှူဖွယ်၊ နဝကပ္ပတို့ ဆက်ကပ်လှူဒါန်းကြပြီး ဝေါဆရာတော်ဦးသုမင်္ဂလမထေရ်မြတ်ထံမှ ရေစက်ချအနုမောဒနာတရားနာယူကာ ဗုဒ္ဓဿသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။


အောင်မြတ်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)