Pages

Pages

ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်တဖက်ကမ်းရှိမြစ်ရေကျ၍ မြေနုကျွန်းပေါ်တွင် ဆောင်းသီးနှံများစိုက်ပျိုးရန်အတွက် မြေနေရာအားကွင်းဆင်းကြည့်ရှု


MNP ၊  ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်တဖက်ကမ်းရှိ မြစ်ရေကျ၍ မြေနုကျွန်းပေါ်တွင်ဆောင်းသီးနှံများ စိုက်ပျိုးရန်အတွက် မြေနေရာအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ အတွင်းရေးမှူး ဦးသန်းလွင်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ သူရဲတန်းကျေးရွာမြစ်တဖက်ကမ်းရှိ မြစ်ရေကျ၍ မြေနုကျွန်းပေါ်၌ အကျယ်အဝန်း(၇၇၀)ဧကခန့်၊ စိုက်ပျိုးနိုင်မည့်ဧက (၃၄၄)ဧကခန့်၊ သဲသောင်ပြင်ဧရိယာ (၃၂၆)ဧကခန့်၊ မြေကာရန်အတွက်မဖြစ်မနေချန်ထားရမည့် ဧရိယာ (၁၀၀)ဧကခန့်ရှိကြောင်း သိရသည်။


အဆိုပါ မြေနုကျွန်းပေါ်တွင် စိုက်ပျိုးနိုင်မည့်ဆောင်းသီးနှံများမှာ ပဲလွန်း၊ ကုလားပဲ၊ ဘိုကိတ်၊ မြေပဲသီးနှံများ စိုက်ပျိုးနိုင်​ကြောင်း သိရသည်။


သင်းသင်းအေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment