Pages

Pages

ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေးကော်မတီများဖွဲ့စည်းတာဝန်ပေးအပ်

   






 

MNP ၊  ဧပြီ ၅

ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက်   ဌာနဆိုင်ရာများအား ကော်မတီများဖွဲ့စည်းတာဝန်ပေး အပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင် က သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရေး၊ သင်္ကြန်ကာလအတွင်း ပြည်သူများ ပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ရေလုံလောက်မှုရှိစေရေး၊  ကြိုဆိုနေရာချထာရေးနှင့်ဧည့်ခံရေး၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရန်  ကော်မတီအလိုက် ဖွဲ့စည်းတာဝန်များ ပေးအပ်ထား၍ ကော်မတီအလိုက် အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ လုပ်ငန်းကော်တီများက မိမိတို့ကော်မတီ အလိုက် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြ ဆွေးနွေးပေးကြရာ ဆွေးနွေးတင်ပြချက်များ အပေါ်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment