အမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် စူဠဘွဲ့ နှင်းသဘင်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် စူဠဘွဲ့ နှင်းသဘင်အခမ်းအနား ကျင်းပ





MNP ၊  ဧပြီ ၃

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ပါဠိပထမပြန်စာ​မေးပွဲ၌ အောင်မြင်​တော်မူခဲ့ကြသည် စာ​အောင်သံဃာ​တော်များနှင့်လူပုဂ္ဂိုလ်များအား ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ယ​နေ့ညနေ ၃ နာရီ ၃၀အချိန်က အမှတ် ( ၃)ရပ်ကွက်ဓမ္မရက္ခိတ ကုန်းဓာတ်ပေါင်းစုစေတီတော် မြတ်စွယ်တော်ဓမ္မာရုံတော်အတွင်း ၌ ကျင်းပပြုလုပ်ခဲ့​သည်။


​ရှေးဦးစွာအခမ်းအနားအား န​မောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်​​တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက ဆရာ တော်ထံမှ  ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။ဆက်လက်၍  ပါဠိပထမပြန်စာ​မေးပွဲ၌ စာ​အောင်သံဃာ​တော်( ၅)ပါးနှင့်လူပုဂ္ဂိုလ်( ၄)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ​စာအောင်ဆုလက်မှတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း​ခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ​ရေစက်သွန်းချအမျှ​ပေး​ဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆိုကာ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။


    ယ​နေ့ကျင်းပပြုလုပ်သည့် စူဠဘွဲ့နှင်း သဘင် အခမ်းအနားတွင် အစိုးရပါဠိပထမပြန်စာ​မေးပွဲ၌ အ​ခြေပြုမူလတန်း(၃)ပါး၊ လူပုဂ္ဂိုလ် (၂)ဦး၊ပထမလတ် တန်းလူပုဂ္ဂိုလ်(၂)ဦး၊ ပထမကြီး (၂ )ပါးစုစု​ပေါင်းစာအောင်သံဃာ​တော် (၅)ပါးနှင့် လူပုဂ္ဂိုလ်( ၄)ဦးရှိ၍မြို့ နယ်အဆင့်စာအောင်သံဃာတော်နှင့်လူပုဂ္ဂိုလ်(၉)ပါးရှိ​ကြောင်းမြို့နယ်သာသနာရေးဦးစီးဌာနမှသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)