Pages

Pages

မြန်မာနှစ်ဆန်းတစ်ရက်နေ့အခါသမယတွင်ရမ်းဗြဲမြို့၌ဘုန်းတော်ကြီးကျောင်းနှင့်ဘုရားစေတီများတွင်တံခွန်တင်လှူကုသိုလ်ပြုလုပ်

 





MNP ၊  ဧပြီ ၁၇

ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့၌မြန်မာနှစ်ဆန်းသမယတွင်မြို့ပေါ်ရပ်ကွက်များနှင့်ဘုန်းတော်ကြီးကျောင်းများတွင်ဆရာ ပူ ဇော်ကန်တော့ပွဲနှင့်ဘုရားစေတီများတွင်တံခွန်များပူဇော်လှူဒါန်းကြသည်။


ရှေးဦးစွာရမ်းဗြဲမြို့အမှတ်(၁)ရပ်ကွက် ငွေတောင်သာဘုန်းတော်ကြီးကျောင်းဝင်မိသားစုများမှယနေ့နံနက်(၈)နာရီကငွေတောင်သာဘုန်းတော်ကြီးကျောင်းတွင်ဆရာကန်တော့ပွဲများကျင်းပပြုလုပ်ကြခြင်း၊ရှေ့ဟောင်းသမိုင်းဝင်ငွေတောင်သာစေတီနှင့်မြိုဦးသမိုင်းဝင်ခြေယာ တော်ပြင်ဘုရားတို့တွင်တံခွန်များလှူဒါန်းပူဇော်ကြခြင်းများပြုလုပ်ကြသည်။


ဆက်လက်ပြီးခမောင်းခြေတိုင်ကျေးရွာချင်းတိုင်းရင်းသားများမှအမှတ်(၂)ရပ်ကွက်ဗဟန္တောင်ကျောင်းဆရာတော်ဘု ရားကြီးအားဆရာကန်တော့ပူဇော် ကြပြီး ကုသိုလ်ကောင်းမူများပြုလုပ်လျက်ရှိကြောင်းသိရသည်။ 


 https://t.me/MyanmarNationalPost   



                                             

No comments:

Post a Comment