Pages

Pages

ပေါင်မြို့နယ်တွင် အခြေခံပညာအောင်စာရင်းများကျောင်းအသီးသီးတွင်ထုတ်ပြန်ကြေညာ





MNP ၊  ဧပြီ ၂၇

၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတန်းလိုက်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးထုတ်ပြန် လျက်ရှိရာ  ပေါင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးတို့တွင် ၂၀၂၂-၂၀၂၃ခုနှစ်၊ပညာသင်နှစ် အတန်းလိုက်ကျောင်းတွင်းစာမေးပွဲ အောင်စာရင်းများကို  ယနေ့နံနက် (၆)နာရီမှစ၍ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။


 ပေါင်မြို့နယ်အတွင်း  အခြေခံပညာကျောင်း စာမေးပွဲများကျင်းပနိုင်ခဲ့ရာ ကျောင်းအားလုံးတွင် အောင်စာရင်းများကပ်ထား ကြေငြာပေးလျက်ရှိကြောင်း၊ KGတန်း မှGrad -11ထိအောင်စာရင်းများကို  အတန်းလိုက်  ထက်၊လယ်၊မူ ကျောင်းများ၏ အောင်စာရင်းများထုတ်ပြန် ကြေညာပေးလျက်ရှိကြောင်း နှင့်အောင်စာရင်းများကို ကျောင်းသား၊ ကျောင်းသူ များနှင့် အုပ်ထိန်းသူမိဘများကလာရောက် ကြည့်ရှုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment