Pages

Pages

(၉၅) ကြိမ်မြောက် သျှစ်သောင်း၊ထုက္ကံသိမ်၊အံတော်သိမ်၊လေးမျက်နှာ ဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲ တော်၌ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲယှဉ်ပြိုင်လျှက်ရှိ




MNP ၊  ဧပြီ ၂၁

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့၌ (၉၅) ကြိမ်မြောက် သျှစ်သောင်း၊ထုက္ကံသိမ်၊ အံတော်သိမ်၊ လေးမျက် နှာ ဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲ တော်၌ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲကိုယမန်နေ့က စတင်၍ ဗန္ဓုလရပ်ကွက် ၊ ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားလျှက်ရှိပြီး ပြိုင်ပွဲဝင်အသင်း ၂၁ သင်းတို့က ရှုံး ထွက် ပွဲစဉ်အနေဖြင့် ယှဉ်ပြိုင်က စားသွားမည်ဖြစ်ကြောင်း  သိရသည်။


ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ရှုံးထွက်ပွဲစဉ် များအဖြစ် ယမန်နေ့ ညနေပိုင်း ၄ နာရီ အချိန် ကစတင်၍  သရက်တော(က)အသင်း နှင့်လက္ကာ(က)သင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြကြောင်း သိရ သည်။


အဆိုပါ ဘောလုံးပြိုင်ပွဲများ ကျင်းပရာသို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ် အားကာဦးစီးမှူး ဦးမောင်မောင်လတ်၊ ဘောလုံးပွဲကျင်းပရေးကော်မတီဝင်များ ၊ကျေးရွာပေါင်း စုံမှ ဘောလုံးဝါသနာရှင်များ၊ ရပ်ကွက်နေပြည်သူများတို့ ကြည့်ရှု အား ပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment