Pages

Pages

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြော ကဗျာရွတ်ပြိုင်ပွဲများပြုလုပ်






MNP ၊  ဧပြီ ၃

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသားကျောင်းသူများ ကျောင်းပြင်ပစာပေဖတ်ရှုသည့်အလေ့အကျင့်ရရှိစေနိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပုံပြင်ပြော၊ ကဗျာရွတ် ပြိုင်ပွဲများကို ယနေ့ နံနက်က ကျင်းပပြုလုပ်ပေးခဲ့သည်။


အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ‌ကျောင်းပိတ်ရက်ကာလ၌ ကျောင်းပြင်ပစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားကာ ကျောင်းပညာရေးအတွက် များစွာအထောက်အကူဖြစ်ပါကြောင်း စာပေများလေ့လာဖတ်ရှုခြင်းဖြင့် အနာဂတ်ကာလအတွက် အရည်အချင်းပြည့်ဝသည့် နိုင်ငံ့ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း ရှင်းလင်းအမှာစကားပြောကြားသည်။


ပြိုင်ပွဲတွင် အလွတ်တန်းအဆင့် နှစ်သက်ရာပုံပြင်များနှင့် ကလေးကဗျာများကို ကျောင်းသားကျောင်းသူ ၁၂ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အကဲဖြတ် ဒိုင်အဖွဲ့က အကောင်းဆုံးပုံပြင်ပြောနိုင်သူနှင့် ကဗျာရွတ်ဆိုနိုင်သူတို့ကို စိစစ်ရွေးချယ်ကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ကြသည်။


သထုံခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ပုံပြင်ပြော ကဗျာရွတ်ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ ဟောပြောပွဲများပြုလုပ်‌ပေးခြင်း စသည့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအပြင် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်း၊ စာဖတ်ဝိုင်းများ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးခြင်း စသည့် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment