Pages

Pages

အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေး


MNP ၊  ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ် အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်တွင် ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယခုလ (၂၁)ရက် နေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား စုစုပေါင်း ၁၆၀၀ ကျော်ရှိကြောင်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။


“အိမ်မဲမြို့နယ်မှာ အငြိမ်းစားဝန်ထမ်းပေါင်း ၁၆၀၀ ကျော်ရှိပါတယ်။ ပင်စင်လစာငွေများကို ဒီလမှာတော့ (၂၁)ရက်နေ့ကနေ လကုန်ရက်ထိ ရုံးဖွင့်ရက်များမှာ ဆက်လက်ထုတ်ပေးသွားမှာပါ။ ယနေ့နံနက်ပိုင်း (၁၀)နာရီလောက်အထိ အငြိမ်းစာဝန်ထမ်း (၇၀၀)ဦး ကျော်လောက် ပင်စင်လစာ ထုတ်ပေးပြီးပါပြီ”လို့ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ပြောကြားချက်အရ သိရသည်။


ချစ်သက်လယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment