Pages

Pages

၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီးဘောလုံး အာရှဇုန်ခြေစစ်ပွဲ မြန်မာအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်မည့် အီရန် အမျိုးသမီး လက်ရွေးစင်အသင်း ရန်ကုန်မြို့သို့ရောက်ရှိ







MNP ၊ ဧပြီ ၃

၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီးဘောလုံး အာရှဇုန် ခြေစစ်ပွဲ အဖြစ် မြန်မာ အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်မည့် အီရန် အမျိုးသမီး လက်ရွေးစင် အသင်းသည် ဧပြီလ ၂ရက်နေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

အိမ်ရှင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီစဉ်မှုဖြင့် အီရန်အမျိုးသမီးအသင်းသည် Novotel Yangon Max တွင် တည်းခိုနေထိုင်ပြီး လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ပြီး ပွဲစဉ်ဇယားအရ အီရန်နှင့်မြန်မာတို့ နှစ်ကျော့ ယှဉ်ပြိုင်ရမည် ဖြစ်ကာ သရေရလဒ်များ ဖြစ်ပေါ်နေပါက ဂိုးကွာခြားချက်၊ အချိန်ပို၊ ပင်နယ်တီ တို့ဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။ 

ခြေစစ်ပွဲ ပထမ အကျော့ အီရန်နှင့်မြန်မာ ( 5 April 2023, 4:00 PM)၊ ခြေစစ်ပွဲ ဒုတိယ အကျော့ မြန်မာနှင့်အီရန် (8 April 2023, 4:00 PM) တို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပွဲစဉ် နှစ်ပွဲစလုံးအား သုဝဏ္ဏကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment