Pages

Pages

ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု၊ စံပြကျေးရွာသို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း

 




MNP ၊  ဧပြီ ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းအုပ်စုအတွင်း စံပြကျေးရွာသို့ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ်‌ အေးမေမတ္တာရေအလှူတော်အသင်းတာဝန်ရှိသူများထံကသိရသည်။


ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊စာသင်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းကသွား ရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း စံပြကျေးရွာသို့ဝေမျှခြင်းမိသားစု ကသောက်သုံးရေဂါလံ ၁၆၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment