Pages

Pages

ရသေ့တောင်မြို့နယ်ရုံးတွင် ဝန်ထမ်းများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ဆောင်ရွက်




MNP ၊  ဧပြီ ၂၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်ရုံးတွင်ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(ဒါဘာ)ကိုယနေ့ ဧပြီ ၂၅ရက် နေ့လည် ၁၂ နာရီအချိန်က  မြို့နယ်လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင်ကျင်းပြုလုပ်ခဲ့ပါသည်။


ရှေးဉီးစွာ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးကတစ်လတာဆောင်ရွက်ချက်များတွင်လုပ်ငန်းလိုအပ်ချက်များစွာရှိနေကြောင်း၊အလုပ်ကိုစနစ်တကျဆောင်ရွက်ကြရန်လိုအပ်ချက်များရှိနေသဖြင့်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့်မီးဘေးလုံခြုံရေး၊ရုံးတွင်/ပြင်သန့်ရှင်း ရေးဆောင်ရမည့်ကိစ္စရပ်များအားဆွေးနွေးညှိနှိုင်းဟောပြောပြီးလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရန်ဟောပြောခဲ့ပါသည်။


ဝန်ထမ်းများကမိမိတို့လိုအပ်ချက်များကိုတင်ပြကြပြီးဝန်ထမ်းများ၏ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဦးစီးမှူးမှပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြောကြားခဲ့သည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment