Pages

Pages

မြောက်ဦးမြို့၌ သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း၌ ရှေးဟောင်းသမိုင်းဝင်အထင်ကရ ဘုရား၊ပုထိုး စေတီများ ၌ ဘုရားဖူး ပြည်သူများဖြင့်စည်ကားလျှက်ရှိ




MNP ၊  ဧပြီ ၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အထင်ကရရှေးဟောင်းသမိုင်းဝင်ဘုရား၊  ပုထိုးစေတီများတွင် သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း၌ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏား ကျွန်းနှင့်စစ်တွေမြို့စသော အနယ်နယ်အရပ်ရပ်မှပြည်တွင်း ဘုရားဖူးလာရောက်ကြသူများ ယနေ့ နံနက် ပိုင်းမှစ၍ စည်ကားလျက်ရှိကြောင်း သိရ သည်။


အဆိုပါ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ဘုရားဖူးလာရောက်ကြသော အနယ်နယ်အ ရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများအနေဖြင့် အထင်ကရရှေးဟောင်းသမိုင်းဝင် ဘုရားပုထိုး စေတီ များဖြစ်သော သျှစ်သောင်းပုထိုးတော်ကြီး အတွင်းရှိကျောက်နံရံများတွင် ကျောက်ဖြင့် ထုဆစ်ပုံ ဖော်ထားသော ငါးရာငါးဆယ်ဇာတ်တော်များအား လှည့်လည်ကြည့်ရှုခြင်း၊ ထုက္ကန့်သိမ်ပုထိုးကြီး အတွင်းရှိ ဘောင်းတော်ဝတ်စားဆင်ယင်မှုနှင့်ဆံထုံးတော်ထုံးဖွဲ့ပုံအဆင့်ဆင့် ကျောက်ဆစ်လက် ရာများအား လေ့လာကြည့်ရှုခြင်း၊ ကိုးသောင်းပုထိုးတော်ကြီး ၊ မာရ်ငါးပါးဖြစ်သော ရတနာ့မာရ် အောင်၊ သက္ကျမာရ်၊ ဇိနမာရ်အောင်၊ လောကမာရ်အောင်နှင့်မင်္ဂလာ့မာရ်အောင်ဘုရား စေတီများသို့ အငှားမော်တော်ယာဉ်များဖြင့်သွားရောက်ဖူးမျှော်ကြပြီး ဘုရားဖူးလာရောက်ကြ သော ရဟန်းရှင် လူပြည်သူများမှ ပန်း၊ ရေချမ်း အမွေးနံသာများထွန်းညှီပူဇော်ကြသည်။ 


ဆက်လက်၍ ရှေးဟောင်း သမိုင်းဝင်နေရာများဖြစ်သည့် လက်ဆည်ကန်၊ ဘုရားပေါ်ဘုရားနှင့် နန်းတော်ရာကုန်းဘေး၌ ရှိသော ရှေးဟောင်းသုတေသနအမျိုးသားပြတိုက် တွင် ရှေ့ခေတ် ကျောက်ဆစ်လက် ရာများ၊ ရခိုင်ကျောက်စာများ၊ ဘု ရား ဆင်းတုတော်များ စသော ရှေ့ဟောင်းယဥ်ကျေးမှုအမွေအနှစ်များ

ရှိ၍ မြန်မာနိုင်ငံတွင် နေ ထိုင်ကြသောတိုင်းရင်းသားညီကိုမောင်နှမများကို လာရောက် ဖူးမျှော် ကြရန် ဖိတ်ခေါ်အပ်ပါ သည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment