Pages

Pages

ဘီးလင်းမြို့နယ်လရုံးလူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေး



MNP ၊  ဧပြီ ၇

   မွန်ပြည်နယ်၊   ဘီးလင်းမြို့နယ်   ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး ရှိ ဝန်ထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန်နှင့်လုပ်ငန်း စွမ်းဆောင်ရည်    မြင့်မားစေရန်အတွက်     လူထုအခြေပြု       ဗဟို ဌာန (Community.   Centre)   ခန်းမတွင်   ယနေ့   မွန်းလွဲ  ၁  နာရီက ဝန်ထမ်း ကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။


   ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက စာဖတ်ဝိုင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ဝန်ထမ်းများ  စွမ်းဆောင်ရည်   မြင့်မားရေး   ဆွေးနွေး ပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ထုတ်ဝေသည့် ဝန်ထမ်းကျင့်ဝတ် စာအုပ်မှ  ဝန်ထမ်းစည်းကမ်း ဆိုင်ရာ ပြစ်ဒဏ်များကိုလည်းကောင်း အငယ်တန်းစာရေးဒါ်ရီရီခိုင်က၊ ပြစ်ဒဏ်များနှင့် အကျိုးသက်ရောက်မှုများကို လည်းကောင်း ဖတ်ကြားပြီး ဝန်ထမ်း တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။


ထူးနောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment