စမ်းချောင်းမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ


MNP ၊  ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်လေးများ၏ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်မား တိုးတက်လာစေရန်၊ ပန်းချီပညာနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ(၃၁) မွန်းလွဲ(၂)နာရီအချိန်က စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး ဥက္ကဋ္ဌ ဦးမိုးကျော်သန့်က သင်တန်းကာလတွင် သင်ကြားမှုအပေါ် စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ချီးကျူးစကားပြောကြားခဲ့ပြီး သင်တန်းတွင် အနီးအဝေး မြင်ကွင်းနှင့်ရှုခင်းပုံပန်းချီရေးဆွဲရာ၌ ပထမဆုရရှိသူ မလဝန်းချို၊ ဒုတိယဆုရရှိသူ မောင်ကျော်ဇေရှိုင်း၊ တတိယဆုရရှိသူ မောင်ကောင်းဇေယျာတို့အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာစိုးနှင့် မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံးဥက္ကဋ္ဌ ဦးမိုးကျော်သန့်တို့က ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


 နီလာစိုး

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)