Pages

Pages

မိုင်းယောင်းမြို့နယ်၌ လမ်းသွားလမ်းလာများ အဆင်ပြေစေရေး လမ်းများပြုပြင်ဆောင်ရွက်ပေး





MNP ၊  ဧပြီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် လမ်းသွားလမ်းလာသူများ အဆင်ပြေစေရေးအတွက် ယမန်နေ့က စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာနနှင့် “ဖြူစင်မိုင်းယောင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအသင်း”တို့ ပူးပေါင်းပြီး ဗလမင်းထင်လမ်းနှင့် နောင်ခမ်းလမ်းဆုံအား ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ဗလမင်းထင်လမ်းနှင့် နောင်ခမ်းလမ်းဆုံရှိ Slow Down အား ပြုပြင်ဆောင်ရွက်နေမှုနှင့် လမ်းမဘေးဝဲ၊ ယာနေရာများအား ကွန်ကရစ်ထပ်ပိုးလွှာ ခင်းကျင်းဆောင်ရွက်နေမှုများကို စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်၊ “ဖြူစင်မိုင်းယောင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအသင်း”မှ ဦးစိုင်းထွန်းတို့က သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment